University of Computer Studies ( Monywa)
Would you like to react to this message? Create an account in a few clicks or log in to continue.
ကွန်ပျူတာတက္ကသိုလ် (မုံရွာ)
3 posters
    Jokes for all
    yee khin zaw
    yee khin zaw
    Administrator
    Administrator
    Posts : 23
    Join date : 2009-07-31
    Age : 37
    Location : Ygn
    Jokes for all Empty Jokes for all
    Post by yee khin zaw Tue Sep 01, 2009 9:05 pm
    ကမ္ဘာလောကကြီးတွင်ရှားသောအရာများပေါ၍ပေါသောအရာများရှားသွားသောအခါဝယ်......
    မင်္ဂလာဆောင်တခုကျင်းပနေသည်။ မြက်ခင်းပြင်တွင်ဖြစ်သည်။ ကျွေးမွေးသော
    အစားအစာများမှာ မြင်းခွာရွက်သုပ်၊ ကန်စွန်းပလိန်းဆီသိပ်မပါ၊
    ရုံးပတီသီးကင်၊ ပဲပင်ပေါက်ပိုးတီ၊ မုန်ညှင်းဟင်းချို နှင့် အချိုပွဲမှာ
    မြေပဲလှော်နှင့်ရေနွေးကြမ်း။ တိုက်ကျွေးသော ယမကာမှာ PH7 တံဆိပ် ရေသန်
့စစ်စစ်။
    "ဟဲ့ဟိုကောင်မဆွဲထားတဲ့ ကျောက်စလစ်ခဲဆွဲကြိုးတွေ့ လား"
    "အေးတွေ့ သားပဲ အရောင်အဆင်းက တောက်လွန်းပါတယ်၊ ပြတ္တမြားရောထားတာကြီးနေမှာပေါ့၊ အရောင်ကတောက်နေတာ"
    "အေးဟယ် ဒီလိုပွဲမျိုးကိုမှ သူမို့ အရှက်မရှိ ၀တ်ပြီးတက်ရဲတယ်၊ ဘေးဝိုင်းက
    ဟိုတယောက်လက်စွပ်တွေ့တယ်မှလား ၊ ဂ၀ံကျောက်စစ်စစ်ဟဲ့ အရောင်ကမဲလို
့ညစ်လို့  အဲ့ဒါမှအစစ်ကြည့်ရင်သိသာပါတယ်"
    "ကွင်းထားတာလေးကကို ရွံ့ နဲ့ ကွင်းထားတာလေ၊ ဒါမျိုးတော်ရုံမ၀တ်နိုင်ဘူးဟ၊ ဘိုးစဉ်ဘောင်ဆက်ထိန်း သိမ်းလာတာဖြစ်မယ်"
    တခြားတ၀ိုင်းတွင်မူ....
    " ဒီနေ့ ပွဲကကျွေးတဲ့  ဟင်းပွဲတွေကတော့ တကယ့် ရှားပါးတွေပဲနော်။
    ကန်စွန်းရွက်ဆိုတာ ခုခေတ်ဈေးထဲမှာ အရိုးချည်းတွေ့ ရတာ၊ အရွက်တွေအကုန်
    နိုင်ငံခြားပို့ နေတာလေ"
    "ဟုတ်ပါ့ဟယ်၊ အိမ်ကလင်တော်မောင်တောင် ပုစွန်ချည်းချက်နေလို့ တဲ့ တနေ့ က
    မုန်လာပင်ပေါက်လေး တစီးချက်ကျွေးလိုက်ရသေးတယ်။ ကလေးတွေကလဲ ပုစွန်ကညှီလို
့တဲလေ"
    "တို့ အိမ်ကကလေးတွေကိုတောင် ဒီလိုပွဲမျိုးလေးခေါ်လာချင်တာ စာမေးပွဲရှိလို့ ထားခဲ့ရတယ်လေ"
    ဘေးတ၀ိုင်းတွင်မူ....
    "ဟဲ့သတို့ သားဘက်က ပိုက်ဆံရှိပုံရတယ်။ ရွှံ့ တွင်းချည်းပဲ
    ငါးတွင်းလောက်ပိုင်တာတဲ့။ ဒါတောင်ကန်စွန်းခင်းနှစ်ခင်း မပါသေးဘူးဟဲ့၊
    အထူးဒေသ (၂) ရွှံတွင်းဆိုတာ သူတို့ လုပ်ကွက်ရထားတာပေါ့"
    "အေးဟယ် ဘယ်ဘ၀ကကုသိုလ်များလဲမသိဘူးနော်။ ကြည့်တာနဲ့ ပိုက်ဆံရှိလူတန်းစားမုန်းသိသာပါတယ်။ သတို့ သားဆို မဲလိုကျုတ်လို့ "
    "သတို့ သမီးဘက်ကလဲ တွင်းစားမျိုးတွေဆိုပဲ၊ ရေတွင်းချည်း (၆)တွင်းလောက်ပိုင်တာတဲ့"
    "အထူးဒေသ (၄) မှာ တွင်းအမှတ် ၂၃ နဲ့  ၂၄ နှစ်ခုဆက်တောင်ပိုင်တာ ဒါတောင်တခြားမှာ လေးတွင်းရှိသေးတယ်တဲ့"
    "အဲ့က ရေအထွက်ကောင်းတဲ တွင်းတွေပဲဟ"
    "ဘ၀ပေးကုသိုလ်ပေါ့ဟယ်"
    "သတို့ သမီးလိမ်းထားတာတွေ့ လား အဲ့ဒါရွှံ့ သွင်းမိတ်ကပ်ပေါ့၊ လှလိုက်တာနော် ရွှံ့ တုံး၊ရွှံ့ ရုပ်လေးကျနေတာပဲဟယ်"
    ထိုအချိန်ဝယ် အခန်အနားမှူးမှ နှစ်ဘက် ဆွေမျိုးများ ဂုဏ်ပုဒ်များအား ဖော်၍ သတို့ သားနှင့်သတို့ သမီးတို့ အားပွဲထုတ်လေသော်....
    မင်္ဂလာရှိတဲ့ နေ့ ရက်အခါသမယဖြစ်ပါတယ်
    ဒီနေ့ ဟာမြောင်းတကာရေကျော်ရပ်နေ ၀ဏ္ဏကျော်ထင်ဝေသန္တရာ ဦး စုတ်ပျက်၊ သီရီသုဒမပိန်လီ ဒေါ်မွဲတေ တို့ ၏သားဦး
    မောင်ထွက်ထွက် ပွေးထူ ( ရွှံပုတ်လွှာ ညစ်ပတ်ပတ် ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ) နှင့်
    လယ်ကန်သင်းရိုးမြေကျွံ ရပ်ကွက်နေ ဦးညစ်ပတ်၊ ဒေါ်သရုပ်ပျက် တို့ ၏ တဦးတည်းသောသမီးလေး
    မကလျာညစ်ထေး( လမ်းဘေးရေရောင်း ကုမ္ပဏီ တွဲဖက် ဒါရိုက်တာ) တို့ ရဲ့
    စုလျားရစ်ပတ်၊ ချည်နှောင်၊ ဖောင်ဖွဲ့ ၊ ကြိုးချည်၊ ထောင်ချ မင်္ဂလာရက်မြတ်ဖြစ်ပါတယ်။
    ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများ၊ အရပ်ဖက်၊ ရွာဖက်မှ လူကြီးမင်းများအားလည်းကောင်း
    မင်္ဂလာသတို့ သမီးနဲ့ သတို့ သားတို့ က ကျေးဇူးတင်ဂါရ၀ရှေးဦးစွာပြုပါတယ်။
    နောက်အစီအစဉ်အနေနဲ့ ကတော့ မင်္ဂလာသတို့ သားနဲ့ သတို့ သမီးတို့ အတွက် မင်္ဂလာ
    ကောက်ရိုးကုံးကို ချီးမြှင့်ဖို့ ဖြစ်ပါတယ်။
    မင်္ဂလာကောက်ရိုးကုံးချီးမြှင့်ရန် မြက်ခင်းနွားစား စိုက်ပျိုးရေး ကုမ္ပဏီမှ
    ဥက္ကဌ ဦး ဘွတ်ဘဲကို ဖိတ်ခေါ်ပါတယ်ခင်ဗျား။
    ဖောင်းဖောင်းဖောင်းဖောင်း ( လက်ခုပ်သံ)
    ဒီနောက်မှာတော့ မင်္ဂလာ ရွှံ့ စစ်စစ်ကွင်း အုတ်နီခဲလက်စွန်အားဆင်မြန်းပေးရန်
    ဂ၀ံနှင့်ကျောက်စလစ် လုပ်ငန်းပိုင်ရှင် ဦးဒွန်းဒွန်းစန္ဒာလကို
    ချီးမြှင့်ရန်ဖိတ်ခေါ်ပါတယ်ခင်ဗျား။
    ဖောင်းဖောင်းဖောင်ရွှီးရွှီး ( လုပ်ခုပ်သံနှင့် ဘယ်ကမှန်းမသိ လေချွန်သံ)
    ခုဆိုရင်တော့ မင်္ဂလာပွဲ အထမြောက်၊ မိုးပျံပြန်မကျ၊ ပွဲဖြစ်၊
    အောင်မြင်သွားပြီ ဖြစ်ပါသဖြင့် မင်္ဂလာသတို့ သားနှင့်သတို့ သမီးတို့ က
    တည်ခင်းဧည့်ခံသော မင်္ဂလာ နေ့ လည်စာကို သုံးဆောင်နိုင်ပါပြီခင်ဗျား။
    ဖောင်းဖောင်းရွှီးရွှီးဖောင်းဖောင်းရွှီးရွှီး ( ယခင်လက်ခုပ်သံနှင့် လေချွန်သံထက်နှစ်ဆပြင်းသံ)
    ဒီလိုနဲ့ မင်္ဂလာပွဲအောင်မြင်လို့  လူအများအိမ်ပြန်ကြချိန်၊ မိုးသည်းထံစွာရွာလေးသတည်း။
    မင်္ဂလာလက်ဖွဲ့ များကိုရေစိုလို့  အထဲမှ မင်္ဂလာလက်ဖွဲ့ များတွင်းမှ ရွှံ့ များအရည်ပျော်လေသတည်း။
    နှစ်ဘက်မိဘနဲ့ သတို့ သားသတို့ သမီးတို့ မျက်နှာများမှာလဲ မျက်ရည်၊ ရွှံ့ ရည်၊ မိုးရေတို့ ရောလေသတည်း။
    မှတ်ချက်။ ။၎င်းမိုးမှာနှစ်တရာ တွင်သာတခါရွာလေသည်ဟူ၏။
    avatar
    ဇော်အေး
    Fresher Member
    Fresher Member
    Posts : 2
    Join date : 2009-12-29
    Age : 37
    Location : ၆၆/၆၈ တိုက်(A)3D၊အင်းစိန်လမ်း၊ စံရိပ်ငြိမ်မှတ်တိုင်၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့
    Jokes for all Empty Re: Jokes for all
    Post by ဇော်အေး Tue Dec 29, 2009 10:51 pm
    ပေါက်ကရတွေရေးထားတယ်ပေါ့လေ
    မဆိုးတော့မဆိုးပါဘူး နင်အခုဘယ်ရောက်နေတာလဲ
    programmer ဖြစ်နေပြီလား
    PHOENIX
    PHOENIX
    Administrator
    Administrator
    Posts : 25
    Join date : 2009-08-16
    Jokes for all Empty Re: Jokes for all
    Post by PHOENIX Wed Dec 30, 2009 3:25 pm
    ဇော်အေး wrote:ပေါက်ကရတွေရေးထားတယ်ပေါ့လေ
    မဆိုးတော့မဆိုးပါဘူး နင်အခုဘယ်ရောက်နေတာလဲ
    programmer ဖြစ်နေပြီလား
    မရီခင်ဇော်က ပလုမ်ဂလမ်မာဖြစ်နေပြီးတော့..
    မအားဘူးဆိုပြီး ဒီဖိုရမ်လေးတောင်မေ့ထားပါပေါ့လားဗျာ..
    lol! lol! santa
    Sponsored content
    Jokes for all Empty Re: Jokes for all
    Post by Sponsored content
      Current date/time is Mon May 13, 2024 7:03 am